Thursday, 15 March 2012

ဆူးခင်းလမ်းရဲ့ အဖော်မွန်

ဆူးကြမ်းလမ်းရဲ့ ဘ၀တောမှာ
မောနေတဲ့ ငါ
နောက်ဆုံးချိန်လဲကျလုတော့ဦး
ထမင်းတစ်နပ် ရှိခဲ့ရင်
မင်းအတွက်ပါဘဲ ချစ်သူ ....။

တွဲလက်ကခိုင်မြဲ  မလျှော့ရဲပါနဲ့
မောင်းရင်းမှာ တွဲခို ချွဲနွဲ့လိုလည်း
အမောတွေ ကြားမှာ
ငါမတားလိုဘူးချစ်သူ ....။

ဒါပေမယ့် ....

ဘ၀လမ်းရဲ့ တိုက်ပွဲကြမ်းတွေမှာ
ဂုဏ်သိက္ခာ ဆိုတဲ့ တံတိုင်းတစ်ခုအတွက်
ငါ့ ရဲ့ပေးဆပ်မှုက
ချွေးသိပ်နိုင်မယ် မထင်ဘူး
အညတြ မို့ မဟာသွေး မပါဘူး ချစ်သူ ....။

နေရောင်မကျ ၊ မိုးစက်မယို
အိမ်လို့ဆိုကြ  ရနိုင်ပါရဲ့
ထရံကာ ဓနိမိုး ကျုရိုးခြံတိုင်က
ဘ၀ရဲ့ ဟော်နန်းတစ်ခုပါ ချစ်သူ ....။

ရွှေလင်ပန်း ဆိုတာ အချင်းဆေးစရာလို့
ပြောကြရင် သြချရလောက်ရဲ့
ဘ၀တစ်လျှောက်မှာက
နေရာင်ခံကျောပြင်နဲ့ဆူးဒဏ်ရာ ခြေဖ၀ါး
ဘာသားနဲ့ ထုထု လူသားဆန်ဆန်
တခါတရံတော့ စိတ်လျှော့ချင်တယ် ချစ်သူ .... ။

Thursday, 8 March 2012

တိုက်စားရာလမ်း

ယုံကြည်စွာ ဖမ်းဆုပ်လိုက်တာက မရှိခြင်း

အသိစိတ်တွင်းမှာက နောင်တ

အမှောင်ကျတဲ့ နေ့မှာ

ပင်လယ်ရဲ့ မာယာက

တိတ်ဆိတ်ခြင်းအတိနဲ့ မုန်တိုင်းကိုမြူဆွယ်

မိုးတိမ်....

သူတစ်ကယ် မငိုခဲ့ပါဘူး

မာယာနဲ့ ရွေ့လျား ပင်လယ်ဆီပြန်အသွားမှာ

အမှန်တရား မသိတဲ့သူ

ဒီလူက...

တိုက်စားရာလမ်း....။